Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Vertical Tabs

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အဖွဲ့သည် အမေရိကန်တွင် နေထိုင်သော စေတနာဝန်ထမ်းပြုလုပ်လိုသော ဝါသနာတူ မြန်မာလူမျိုးများ ပေါင်းစည်းတည်ထောင်ထားသော အဖွဲ့တစ်ဖွဲ့ 

ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် စတင်ခဲ့သည့် ကျွန်ုပ်တို့အဖွဲ့မှာ မြန်မာနိုင်ငံ၏ပြည်နယ် နှင့် တိုင်း​ဒေသကြီး ၁၄ခု၌ ရှိသော မိဘမဲ့ကလေးများကို အဓိကထား လှူဒါန်း

လျက် ရှိသည်။ တစ်နှစ်လျှင် မြန်မာကျပ် သိန်း၅၀ နှင့် ၁၀၀ ကြား လှူဒါန်းပြုလုပ်ခဲ့သည်မှာ ၁၄နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် လှူဒါန်းမှုအား 

ဇန်နဝါရီ ၁၁ရက် ၂၀၁၃ ခုနှစ်က တောင်ငူမြို့ရှိ Sacred Heart Catholic ကျောင်းတော်သို့ ရေသန့်စီမံကိန်းအတွက် ဒေါ်လာ ၈၀၀၀ လှူဒါန်းခဲ့သည်။ ငွေကြေးအား 

လှူဒါန်းမှုများအပြင် စေတနာ့ဝန်ထမ်းအဖြစ် လက်တွဲဆောင်ရွက်လိုသူများကိုလည်း ကူညီပေးသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

 

What We Do

မြန်မာနိုင်ငံတွင်းရှိ မိဘမဲ့ကလေးများအား ကူညီနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေခြင်း၊ ရန်ပုံငွေများအား လှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းများ ကူညီပေးခြင်း၊ ပညာ

သင်ဆုများ ထောက်ပံခြင်းတို့အား ဆောင်ရွက်လေ့ရှိသည်။ အလှူငွေရှာဖွေေရေးအနေဖြင့် အမေရိကန်နိုင်ငံ၌ ဖျော်ဖြေရေးပွဲများ၊ အစားအသောက်ပွဲများ၊ အခမ်း

အနားပွဲများ ကျင်းပလေ့ရှိြပီး၊ ယင်းမှတဆင့်ရရှိသောအမြတ်ငွေများ၊ အလှူငွေများအား မိဘမဲ့ကလေးများအား လှူဒါန်းလေ့ရှိပါသည်။ ကျွန်ုပ်တို့အဖွဲ့၏ လှူဒါန်း

မှုများကို ကြည့်ပါက ၂၀၀၁ ခုနှစ် ဇွန်လ ၉ရက်နေ့ကလည်း ဒါလေမြို့  လစ်တယ်ပြဇာတ်ရုံတွင် မြန်မာအဆိုအကများဖြင့် ဖျော်ဖြေကာ အစားအသောက်များ

ရောင်းချခြင်းဖြင့် ရရှိသောငွေများကို တာမွေမြို့နယ်  The Orphanage of St.Francis Of Pissiisi သို့ လှူဒါန်းခဲ့သည်။

၂၀၀၂ ခုနှစ်ကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဘုရားဖြူမသန်မစွမ်းကလေးငယ်များ ရန်ပုံငွေအတွက် လှူဒါန်းခဲ့သည်။ယင်းသို့ဖြင့် နှစ်စဉ် ကရင်ပြည်နယ်၊

မွန်ပြည်နယ်၊ စဉ့်ကိုင်မြိုနယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ပုသိမ်၊ မန္တလေးတိုင်း၊ တောင်ကြီး စသည့် မြို့ရွာအနှံ့တွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့

သည်။ ကျွန်ုပ်တို့အဖွဲ့သည် ယင်းကဲသို့ လှူဒါန်းရန်အတွက် ရန်ပုံငွေရှာရာတွင် အဓိကအားဖြင့် မြန်မာအစားအစာများကို ရောင်းချခြင်းဖြင့် ရှာဖွေခဲ့သည်။ ကုသိုလ်

လည်းရ ဝမ်းလည်းဝစေဖို့အတွက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဒန်ပေါက်၊ ကြက်သားပလာတာ၊ ကောက်ညင်းငချိတ် နှင့် ငါးရန့်ခြောက်၊ ဆီထမင်း နှင့် ပဲပြုတ်၊

စမူဆာသုတ်၊ တို့ဖူးသုတ်၊ ပေါက်ဆီ၊ အုန်းထမင်း အစရှိသော စားဖွယ်များကို တစ်မျိုးလျှင် ၅ဒေါ်လာဖြင့် ရောင်းချကာ ရန်ပုံငွေရှာခဲ့သည်။

ကျွန်ုပ်တို့အဖွဲ့သည် ယင်းသို့ရောင်းချရခြင်း ဖြင့်ရရှိသောငွေများကို နှစ်စဉ်နှစ်တိုင်း လှူဒါန်းခဲ့သည့်မှာ ၁၄နှစ်တိုင်ကြာခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးလှူဒါန်းခဲ့သည့်

လှုပ်ရှားမှုအနေဖြင့် ဇန်နဝါရီ ၁၁ရက် နေ့ ၂၀၁၃ ခုနှစ် တောင်ငူမြို့ရှိ  Sacred Heart Catholic ကျောင်းတော်သို့  ရေသန့်စီမံကိန်းအတွက် ဒေါ်လာရှစ်ထောင်

လှူဒါန်းခဲ့သည်။

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar