Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Vertical Tabs

High School Diploma Program ရဲ့ လင်းလက်တဲ့ ကြယ်တစ်ပွင့် “သန်းသန်းထွေး”

By Wai, Editorial Staff for Mary K. Yap Foundation (Yangon Project Office) February 2, 2017

“သူက သူ့ကိုယ်သူ ထိန်းနိုင်တယ်၊ ကြိုးစားလိုစိတ်ရှိတယ်၊ ကိုယ့်အားကိုယ် ကိုးတတ်တယ်၊ ”

စစ္စတာကြီးက သီအိုဖင်းန်ခေါ် သန်းသန်းထွေး ဆိုတဲ့သမီးငယ်ကို ကြည့်ရင်း ပြောပြနေတာပါ။ တကယ်တော့ ဒီမေတ္တာမွန် ဂေဟာလေးမှာ သန်းသန်းထွေးရောက်တာက သိတတ်စအရွယ်ကတည်းက လို့ ဆိုပါတယ်။

“သူတို့က မွေးချင်း၈ယောက်ရှိတယ် နာဂစ်မှန်တိုင်းထဲ မိဘနှစ်ပါးအပြင် မွေးချင်း သုံးယောက်ပါ ပါသွားတယ်တဲ့။ သူ့မှာ အစ်ကိုနှစ်ယောက် အစ်မနှစ်ယောက် တော့ ကျန်သေးတယ်၊ ဒါပေမယ့် သူ့အတွက်ကတော့ ဒီ မေတ္တာမွန်ဂေဟာမှာပဲ အနေများတယ်။ မွေးချင်းမောင်နှမအနေနဲ့ကလည်း သိပ်အများကြီး မထောက်ပံ့ပေးနိုင်ဘူးဆိုတော့ ဒီဂေဟာမှာပဲ ကြီးရတာပေါ့။ ကျောင်းပိတ်ရက်ရှည်တွေဆိုရင်တော့ သူ့အစ်မ အိမ်မှာ သွားနေတယ်လေ။”

စစ္စတာကြီး ပြောပြနေတဲ့ သန်းသန်းထွေး ဆိုတဲ့ သမီးငယ်လေးကတော့ မိဘမဲ့ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်လာအောင် တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ Mary K Yap Foundation ကြီးရဲ့ program များစွာထဲကမှ ‘High School Diploma Program’ ဆိုတဲ့ အထက်တန်းကျောင်းပညာသင်ခွင့် ကို ရရှိထားသူလေးပါ။

“သမီး အစ်မက မြောက်ဒဂုံမှာရှိတယ် . . ဒါပေမယ့် ကျောင်းပိတ်ရက်မှပဲ သမီးက ပြန်တာပါ”

သီအိုဖင်းန် ခေါ် သန်းသန်းထွေး ဆိုတဲ့ သမီးငယ်လေးက တွေးတွေးဆဆ နဲ့ ပြောပါတယ်။ သမီး ဘာဖြစ်ချင်လဲ လို့မေးတော့ သမီးက စကားပြန် ဖြစ်ချင်တယ်တဲ့။ ပြီးတော့ ဗိသုကာ ပညာရှင်လည်း ဖြစ်ချင်သတဲ့။ Mary K Yap Foundation က အစ်ကိုအစ်မတွေလိုမျိုး လိုအပ်နေတဲ့သူတွေကို လိုက်ကူညီပေးနိုင်တဲ့ သူလည်း ဖြစ်ချင်ပါတယ် တဲ့။ ဒါအပြင် သူလေးက ပြင်သစ်နိုင်ငံဆီကိုလည်း သွားချင်ပါတယ် တဲ့။ ငယ်ကတည်းက သူလေးကို ထိန်းကျောင်းခဲ့တဲ့ စစ္စတာနန်စီ က ပြင်သစ်နိုင်ငံမှာ ရှိလို့ပါ တဲ့။

ကျောင်းမှာ ရှိတဲ့ စစ္စတာနဲ့ ကလေးအကြားက နွေးထွေးမှုဟာ နားထောင်ရသူကိုတောင် ကြည်နူးသွားစေပါတယ်။

“သမီးလည်း စာကြိုးစားမှာပါ သမီးကြီးလာရင် စကားပြန်လုပ်မယ် ပြီးရင် သမီးတို့လိုမျိုး လိုအပ်နေတဲ့ ကလေးတွေ၊ သူငယ်ချင်းတွေကို ကူညီမယ်၊ ပြီးတော့ စစ္စတာကြီးတို့ လို ပြုစုစောင့်ရှောက်မယ်.. သမီး တခြားဖြစ်ချင်တာကတော့ အိမ် ဒီဇိုင်းတွေ ဆွဲချင်တယ်၊ အဆောက်အဦးပုံတွေ အိမ်ဒီဇိုင်းတွေ”

မျက်လုံးတလက်လက်နဲ့ ပြောနေတဲ့ သူ့စကားသံထဲက အောင်မြင်တိုးတက်လိုစိတ်ဟာ Mary K. Yap Foundation ဟာ မှန်ကန်တဲ့လူကို ရွေးချယ်နိုင်ခဲ့ပြီ လို့ ပြောနေသလိုပါပဲ။

“ကြိုးစားသူတိုင်းအတွက် အခွင့်အလမ်းဟာ ရှိတယ်၊ ရှိနေရမယ်။ မိဘမဲ့ကလေးငယ် ဖြစ်တာကြောင့် ပညာရေးကို ပြီးဆုံးအောင် မတက်ခဲ့ရဘူးဆိုတာ မဖြစ်သင့်ဘူး။ မိဘမဲ့ ကလေးငယ်ဟာလည်း တခြားကလေးတွေလိုပဲ အခွင့်အရေးတန်းတူ ရစေရမယ်”

Mary K. Yap Foundation ကြီးရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ ဦးပီတာက မေတ္တာမွန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို လာရောက်လည်ပတ်ရင်း အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အတန်းပညာရေးစနစ်ကို ဆင်းရဲနွမ်းပါးမှု၊ ပစ္စည်းဥစ္စာမပြည့်စုံမှု တွေနဲ့ရင်ဆိုင်ရင်း ခက်ခဲစွာ ကျော်ဖြတ်နေရတဲ့ မိဘမဲ့ ကလေးငယ်များစွာအတွက် Mary K Yap Foundation ဟာ အလင်းရောင်တစ်ခု ဖြစ်ချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ‘High School Diploma Program’ ကို ဖန်တီးခဲ့ကြပါတယ်။ Mary K. Yap Foundation ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဒီမိဘမဲ့ ကလေးငယ်တွေရဲ့ ရှင်သန်နေထိုင်မှုကို ပိုမို တိုးတက်ကောင်းမွန်စေမယ့်အပြင် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းမှာ မှီခိုမှုကင်းစွာနှင့် လုပ်ဆောင်နိုင်စွမ်းမြင့်မားသော လူငယ်များအဖြစ် ရှင်သန်နေထိုင်ရန်အတွက် ပြောင်းလဲပေးရန်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ မိမိကိုယ်ကိုယ် အရှုံးမပေးချင်စိတ်နဲ့ ကြိုးစားနေတဲ့ ကလေးငယ်တွေအတွက်၊ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကလေးငယ်တွေအတွက် အလင်းရောင်တစ်ခု ဖြစ်စေချင်စိတ်နဲ့ ‘High School Diploma Program’ ကို အသက်ဝင်စေခဲ့ပါတယ်။

(www.cesrmm.org) CESR ရဲ့ တရားဝင်စစ်တမ်းများအရ မြန်မာ့ကျောင်းနေအရွယ်ကလေးခြောက်ယောက်မှာ ငါးယောက်သာမူလတန်းပညာရေးပြီးစီးပြီး မူလတန်းပညာရေးပြီးစီးသော ကျောင်းသားလေးပုံတစ်ပုံခန့်က အလယ်တန်းပညာမသင်ကြားနိုင် လို့ ဆိုပါတယ်။ ၅၀%သောကျောင်းသားများမှာ အလယ်တန်းပညာမပြီးဆုံးခဲ့ လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်အရ ကျောင်းသားကျောင်းသူလေးများဟာ တက္ကသိုလ်ဝင်တန်းကို ပြီးဆုံးအောင်မြင်ပြီးမှသာလျှင် အထက်တန်းကျောင်း ပြီးဆုံးအောင်မြင်တဲ့ ဒီပလိုမာကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ အထက်တန်းကျောင်း ဒီပလိုမာ ရရှိရုံနဲ့လည်း မပြီးသေးပါဘူး။ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုတိုးတက်လာစေဖို့အတွက် နည်းပညာများ၊ ဘာသာစကားများအပြင် ဘွဲ့ တစ်ခုကို မဖြစ်မနေ ရမှသာလျှင် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းဟာ ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒီလိုပညာရေးစနစ်အခြေအနေမျိုးမှာ ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ ကလေးငယ်တွေအတွက် အထက်တန်းကျောင်းကို အောင်မြင်ပြီးဆုံးအောင် တက်ရောက်နိုင်ဖို့ဆိုတာ အင်မတန်မှပဲ ခက်ခဲလွန်းလှပါတယ်။

ဒါကြောင့် မိဘမဲ့ကလေးငယ်တို့ရဲ့ ဘဝနေထိုင်မှု ပိုမိုကောင်းမွန်လာစေအောင် တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ Mary K. Yap Foundation ကြီးမှ ကလေးငယ်တို့ ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ရမယ့် အထက်တန်းပညာရေးသုံးနှစ်တာကာလကို ပိုမိုလွယ်ကူချောမွေ့စေအောင် တာဝန်ယူပေးဖို့အတွက် ‘High School Diploma program’ ကို ဖန်တီးခဲ့ကြပါတယ်။ ဒီ “High School Diploma Program” ဟာ မပြည့်စုံမှုတွေကြောင့် ညှိုးငယ်နေရတဲ့ ဆယ်ကျော်သက် ကလေးငယ်တွေအတွက် အမှန်တကယ်လိုအပ်တဲ့ လမ်းညွှန်မှု၊ နည်းပေးလမ်းပြမှုတွေအပြင် အားလပ်ချိန်တွေမှာ အကျိုးရှိစေဖို့အတွက် လိုအပ်တဲ့ စာသင်ကြားမှုများ ရရှိနိုင်စေဖို့ ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

Theophine ခေါ် သန်းသန်းထွေး လိုမျိုး ကြိုးစားတဲ့ ကလေးငယ်တွေအတွက် ပညာရေးအလင်းတစ်စဖြစ်ခွင့်ရခြင်းကို Mary K. Yap Foundation ကြီးမှ အဖွဲ့ဝင်များ၊ စေတနာရှင်များကလည်း ဖော်မပြတတ်လောက်အောင် ဝမ်းသာကြည်နူးမိပါတယ်။ နောက်ထပ်ကလေးငယ်များစွာအတွက်လည်း ပညာရေးအလင်းတစ်စ ဖြစ်ခွင့်ရဖို့အတွက် ကြိုးပမ်းနေဦးမှာဖြစ်ပါတယ်။

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar