Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Letter From Chair 2015

2015

Dear Friends,

ကျွန်မကို ယုံကြည်အားပေးကြတဲ့အပြင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပေးတဲ့ ဆန်ဖန်စစ္စကိုနဲ့ ဘေးဧရိယာ ဒေသနေ သူငယ်ချင်းတို့ကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုမျိုး ကျွန်မကို အားပေးတဲ့အတွက်လည်း ကျွန်မှာ ရှေ့ဆက်ဖို့ ခွန်အားရလာတာဖြစ်ပါတယ်။

ဒီခွန်အားတွေနဲ့ပဲ ၂၀၀၁ ခုနှစ်ကနေ ကျွန်မတို့ စတင်လာလိုက်တာ ခု ၂၀၁၆ ခုနှစ်မှာ ၁၅ နှစ်တိုင်တိုင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီ ၁၅ နှစ်တာအတွင်း မိဘမဲ့ကလေးငယ်များစွာအတွက် ပညာရေးအထောက်အပံ့ပေးနိုင်ခဲ့သလို နေစရာအဆောက်အဦးကိုလည်း ကျွန်မတို့ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဒါအပြင် ပညာရေးအခွင့်အလမ်း နည်းပါးတဲ့ ဒီမိဘမဲ့ ကလေးတွေအတွက်လည်း High School Diploma အစီအစဉ် ကို ကျွန်မတို့ ချမှတ်ပြီး ဖြစ်ပါတယ်။

အဲဒီ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးဆိုတာကို နားမလည်သေးတဲ့ ကလေးငယ်တွေအတွက်၊ မရရှိနိုင်သေးတဲ့ကလေးငယ်တွေအတွက် ကျွန်မတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက် ပေးဆပ်ပြီး အလုပ်အခွင့်အလမ်းတွေ တိုးပွားစေမယ်၊ ပညာရေးအခွင့်အလမ်းတွေ တိုးတက်စေမယ်၊ ဒါအပြင် ကလေးငယ်တို့အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ စားဝတ်နေရေး ကဏ္ဍတွေမှာပါ ပိုပြီး အဆင်ပြေချောမွေ့လာအောင် ကျွန်မတို့ ကူညီဖို့ ဆုံးဖြတ်ထားကြတယ်မဟုတ်လား။ ဒီလိုကူညီခဲ့ရခြင်းတွေအတွက်လည်း ထာဝရတည်မြဲနေမယ့် အပျော်တွေကို ကျွန်မတို့ မျှဝေလက်ခံခဲ့ကြပြီးပြီ။ ဘဝမှာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပျော်ခဲ့ရပြီးပါပြီ။

မိဘမဲ့ကလေးငယ်များကို ဘယ်လိုကူညီနိုင်မလဲလို့ အမြဲတွေးတောကြံဆခဲ့ရတဲ့ ကျွန်မတို့ရဲ့ စိတ်သောကကိုလည်း Mary K. Yap Foundation ကြီးထူထောင်လို့ စနစ်တကျ နဲ့ အမှန်တကယ်လိုအပ်တဲ့ကလေးတွေဆီ လက်ကမ်းကူညီနိုင်ခဲ့ပါပြီ။ Mary K. Yap Foundation ကြီးရဲ့ အနှိုင်းမဲ့ ရည်မှန်းချက်ကိုက မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့မိဘမဲ့ကလေးငယ်တွေကို ပညာရေးတိုးတက်မှုနဲ့အတူ လူမှုအဖွဲ့အစည်းများအတွင်းမှာ တာဝန်သိတတ်ပြီး အောင်မြင်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်စေဖို့နဲ့ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ပဲလေ။

မြန်မာနိုင်ငံက မိဘမဲ့ ကလေးငယ်တွေရဲ့ ရင်ထဲမှာ Mary k. Yap Foundation ကြီးဟာ မိဘမဲ့ကလေးငယ်များအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခု၊ အားကိုးတကြီး ဆက်သွယ်နိုင်မယ့် လိပ်စာ တစ်ခု အဖြစ် ရောက်ရှိနေပြီဆိုရင် ကျွန်မတို့ လုပ်ဆောင်ရကျိုး နပ်ပါပြီ။ မိဘမဲ့ကလေးငယ်များအတွက် ထောက်တိုင်တစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နဂိုမူလ ရည်ရွယ်ချက်အတိုင်း ကျွန်မတို့ ဆက်လက် ကြိုးစားသွားကြပါစို့။ကျွန်မတို့ရဲ့ သူငယ်ချင်းတို့ရဲ့ လက်ကျန်ဘဝသက်တမ်းတွေကို ဒီသနားစရာ ကလေးငယ်များအတွက် လက်ကမ်းရင်း အောင်မြင်တဲ့ အနာဂတ်ခေါင်းဆောင်လေးတွေရဲ့ ဘဝကို ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ ။

ကျွန်မတို့ရဲ့ ထောက်ခံအားပေးသူ စေတနာရှင်အသီးသီး နဲ့ ရဲ့ စွမ်းရည်သတ္တိနဲ့ စိတ်အားထက်သန်မှုအတွက် Foundation ကြီးမှ အလွန်အမင်း စိတ်လှုပ်ရှားမိပါတယ်။

မိတ်ဆွေတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှုကို အစဉ် ကျေးဇူးတင်လျက်

ယုံကြည်ရိုသေစွာဖြင်

Yours faithfully,

Mary K. Yap

Founder and Board Chair

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar