See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးကုန်းမြေပိုင်ဆိုင်သောနိုင်ငံတစ်ခုဖြစ်ပြီး၊ ပြည်နယ် ခုနှစ်ခု၊ တိုင်းဒေသကြီး ခုနှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောဒေသတို့ဖြင့် ဖွဲ့စည်းထားသောနိုင်ငံတစ်ခု ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကနဦးရလဒ်များအရ လူဦးရေ ၅၁သန်းခန့် ရှိသည်။ စိုက်ပျိုးရေးကို အခြေခံသောလူဦးရေ၏ ၆၆% မှာ ကျေးလတ်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏နှစ်စဉ်ပျဉ်းမျှဝင်ငွေမှာ မြန်မာကျပ်ငွေဆယ်တစ်သိန်းကျော် ရှိပြီး၊ ကမေ္ဘာဒီးယားနိုင်ငံပြီးနောက် ဒုတိယဝင်ငွေအနိမ့်ဆုံးနိုင်ငံ ဖြစ်သည်။ ထို့အပြင် စာတက်မြောက်မှု အနိမ့်ဆုံးသောနိုင်ငံတစ်ခုလည်း ဖြစ်သည်။IHCLA 2009/2010 မှ ထုတ်ပြန်သော နောက်ဆုံးစစ်တမ်းများအရ မြန်မာနိုင်ငံတွင် မြို့ပြနှင့် ကျေးလတ်ဒေသ ကွာခြားမှုမြင့်မားသောနိုင်ငံလည်း ဖြစ်သည်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုသည် ၂၉% ခန့်ရှိြပီး၊ မြို့ပြဆင်းရဲနွမ်းပါးမှုသည် ၁၆%ခန့်သာ ရှိသည်။ တစ်နိုင်ငံလုံးဆင်းရဲနွမ်းပါးမှု၏ ၈၅% သည် ကျေးလက်ဒေသမှ ဖြစ်ကြောင်း အခြားစစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ် ၁၄ခုအတွင်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ညွှန်းဆိုမှုများတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် ကျေး လက်ဒေသများတွင် အခြေခံလူမှုလုပ်ငန်းများ လုပ်ပိုင်ခွင့်များ ကန့်သတ်ထားမှုများရှိသည့်ဟု ခန့်မှန်းထားသော သိသာထင်ရှားသည့်ဆင်းရဲနွမ်းပါးမှုစစ်တမ်းများလည်း ရှိသည်။ မြန်မာနိုင်ငံအတွက် လူသားဖွံ့ ဖြိုးမှုညွှန်းတမ်းသည် ၂၀၁၀ ခုနှစ်တွင် ၀ ဒသမ၄၅၁ ရှိြပီး ၁၆၉ နိုင်ငံရှိသည့်အနက်အဆင့် ၁၃၂ သာ ရှိခဲ့သည်။ မြန်မာနိုင်ငံသည် လူသားဖွံ့ဖြိုးတိုးတက်မှုတွင် နိမ့်ပါးလျက်ရှိပြီး ဒေသတွင်း နိုင်ငံများတွင် ပျှမ်းမျှ ၀ ဒသမ ၆၅၀ ခန့်သာ ရှိသည်။ မြန်မာနိုင်ငံတွင်းရှိ မွေးခါစမှ ၁၇နှစ်အရွယ်အတွင်းရှိ ကလေး ၅% သည် ၄င်းတို့၏ မိဘများနှင့် နေထိုင်နိုင်ခြင်း မရှိပေ။ ထိုအထဲတွင် ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးများ၊ လက်နက်ကိုင်ပဋိပက္ခများတွင် ဒဏ်သင့်သောကလေးများ သို့မဟုတ် သဘာဝဘေးအန္တရာယ်သင့်ကလေးများ၊ ညှင်းပန်းနှိပ်စက်ခံ ရသောကလေးများ ပါဝင်သည်။ မြန်မာနိုင်ငံရှိ အသက်၁၅နှစ်နှင့်အထက် ကလေးပေါင်း ၃၁၈၀၀ တို့သည် ကိုယ်လက်အင်္ဂါချို့တဲ့သူများဖြစ်ကြပြီး၊ ထိုအထဲမှ ၂၄၉၀၀တို့သည် အသက် ၆နှစ်မှ ၁၅နှစ် အရွယ်၊ ကျောင်းနေအရွယ်ကလေးများ ဖြစ်ကြသည်။ ပိုလီယိုနှင့် အိုင်အိုဒင်းချို့တဲ့မှုသူများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေးချို့တဲ့မှုများလည်း ရှိပြီး အများစုသည် ကျောင်းတက်နိုင်ခြင်း မရှိကြပေ။
See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.
Designed by WTCMM