Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

The population is over 6.5 million

Ayeyarwady Division
Click

Mary K.Yap Foundation ကြီး၏ မိသားစုဝင်အဖွဲ့ဝင် များဖြစ်သည့် ဆန်ဖရန်စစ္စကို နှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသားစေတနာရှင်များသည် မိဘမဲ့ကလေးငယ်များအတွက် ပိုမိုကောင်းမွန်လာစေရန် အစဉ် အားစိုက်ထုတ်လျက်ရှိပါသည်။ ၎င်းတို့သည် ၂၀၀၁ ခုနှစ်မှ စတင်ပြီးအမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ မြန်မာအစားအစာအမျိုးမျိုးရောင်းချခြင်းနှင့် ဖျော်ဖြေရေးပွဲများပါဝင်သည့် အလှူငွေပွဲတော်များ နှစ်စဉ် ကျင်းပ၍ မိဘမဲ့ကလေးငယ်များအတွက် အလှူငွေ ကောက်ခံလှူဒါန်းခဲ့သည်။ ဤကဲ့သို့ လှူဒါန်းခြင်းမှ ရရှိလာသောပီတိပျော်ရွှင်မှုကို Mary K. Yap Foundation နှင့် ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသရှိစေတနာရှင်များအနေနှင့် မည်သည့်အရာနှင့်မျှ မလဲနိုင်အောင် တန်ဖိုးထားမြတ်နိုးပါသည်။

Mary K. Yap Foundation ကြီးသည် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ တွင် သုခိတရာမ ဘုန်းတော်ကြီးကျောင်းမှ မိဘမဲ့ကလေးငယ်များ၏ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အား ပေးအပ်လှူဒါန်း ခဲ့သည်။ ဤကဲ့သို့ ရက်ရောစွာ လှူဒါန်းထောက်ပံ့နိုင်ခြင်းမှာ မိဘမဲ့ကလေးများအား ကြင်နာသနားစွာဖြင့် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပေးသောအဖွဲ့ဝင်များအပြင် Foundation ကြီး၏ စီမံအုပ်ချုပ်သည့်အဖွဲ့မှ မိဘမဲ့ ကလေးငယ်များအတွက် ကြိုးစားဖော်ဆောင်ထားသည့် စွမ်းရည်ပြည့်အစီအစဉ် ကြောင့် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် Mary K. Yap Foundation ၏ စေတနာရှင်များသည် ပုသိမ်မြို့နယ်၊ ပန်းကူးရွာရှိ မိဘမဲ့ဂေဟာသို့ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၈,၂၀၀ ကို ပေးအပ်ခဲ့သည်။ အဆိုပါအလှုငွေဖြင့် ကလေးများ သန့်ရှင်းစွာအသုံးပြုနိုင်မည့် ရေအိမ်(၄) ခု ဆောက်လုပ်မည်ဖြစ်ပြီး ဂေဟာမီးဖိုချောင်ကိုပါ ပြန်လည်ပြင်နိုင်မည် ဖြစ်သည့်အပြင် အဆိုပါဂေဟာရှိ မိဘမဲ့ကလေးငယ် ၂၅၀ အတွက် အစားအစာ၊ နေစရာအဆောက်အအုံနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှုတို့အတွက် ကျောင်းစရိတ်နှင့် ကျောင်းဝတ်စုံများအတွက်ပါ အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ ထိုအကျိုးသက်ရောက်မှုကို ကြည့်ခြင်းဖြင့် မိဘမဲ့ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှု ရရှိစေရန် တစိုက်မတ်မတ် ကြိုးစားနေသည့် Mary K. Yap Founadation ကြီးသည် အမှန်တကယ်လိုအပ်သောနေရာသို့ လှူဒါန်းငွေများရောက်ရှိရန် အစဉ်ကြိုးစားနေကြောင်း သိသာနေပါသည်။

of Orphans supported

250

of Orphan Organization

2

amount contributed

18200USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar