Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

An administrative division of Myanmar

Mon State
Click

Mary K. Yap Foundation ကြီးသည်မိဘမဲ့ကလေးငယ်များ၏ဘဝရှင်သန်နေထိုင်မှုပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသော non-profit အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Mary K. yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သောဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေမြန်မာတိုင်းရင်းသားစေတနာရှင်များသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ် အလှူပွဲတော်များကျင်းပ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မိဘမဲ့ကလေးငယ်များကိုကူညီရန်အတွက် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ ကျင်းပသော အဆိုပါ အလှူငွေပွဲတော်တွင် မြန်မာအစားအစာများရောင်းချခြင်းနှင့် တေးဂီတ၊ ဖျော်ဖြေပွဲအစီအစဉ် ဟူ၍ အစီအစဉ်နှစ်မျိုးပါဝင်သည်။ မည်သူမဆိုအမေရိကန် ဒေါ်လာ ၅ ဒေါ်လာဖြင့် မြန်မာ့ရိုးရာအစားအစာများကိုဝယ်ယူစားသုံး၍ လှူဒါန်းနိုင်မည်ဖြစ်ပြီးတေးဂီတ နှစ်ခြိုက်သူတို့အနေနှင့်လည်း အနုပညာဝါသနာရှင်များ မှ ဖျော်ဖြေတင်ဆက်သောတေးဂီတကပွဲများကိုနားဆင်ကြည့်ရှုနိုင်မည် ဖြစ်သည်။
Mary K. Yap Foundation ကြီးသည် အမေရိကန်ဒေါ်လာ ၅,၆၅၀ တိတိအား မြန်မာနိုင်ငံ၊ မွန်ပြည်နယ်ရှိ ခရစ်ယာန်မိဘမဲ့ဂေဟာသို့ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းငွေကို သန့်ရှင်းသပ်ရပ်သည့် ရေအိမ်များဆောက်လုပ်ခြင်း၊ ကလေးများနေထိုင်ရန် အဆောက်အအုံများကို ပြုပြင်ခြင်းနှင့် အခြား လိုအပ်သော နေရာများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ မိဘမဲ့ကလေးငယ်များအတွက် လူမှုဆက်ဆံရေးတွင် ဝင်ဆံ့လာစေရန် နှင့် ကျောင်းတက်ရန်အခက်အခဲ၊ နေထိုင်စရာအခက်အခဲများ လျော့ကျသွားစေရန် မျှော်လင့်၍ Foundation ကြီး၏ အဖွဲ့ဝင်များ မှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ Foundation ကြိး၏ အန္တိမ ရည်ရွယ်ချက်မှာ ကြီးငယ်မရွေး မြန်မာမိဘမဲ့ကလေးငယ်များအား နေစရာအဆောက်အဦများ၊ အစားအစာများ၊ ကျန်းမာရေး အထောက်အပံ့များနှင့် အခြေခံပညာရေး လိုအပ်ချက်များအား ထောက်ပံ့ပေးသွားရန်ဖြစ်သည်။Foundation ကြီးသည် မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြားရှိမိဘမဲ့ကလေးငယ်များ၏ ဘဝရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် လူ့အဖွဲ့အစည်းတွင် ကောင်းမွန်စွာနေထိုင်၍ အောင်မြင်တိုးတက်သော လူငယ်များဖြစ်စေရန်အတွက် အစဉ်အားစိုက်ထုတ်သွားမည် ဖြစ်ပါသည်။

of Orphans supported

of Orphan Organization

1

amount contributed

5650USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar