See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Mary K. Yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များ ဖြစ်သည့် ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ စေတနာရှင်များသည် မိဘမဲ့ကလေးငယ်များအားလုံး၏ ကောင်းကျိုးအတွက် လုပ်ဆောင်ရန် သန္နိဌာန် ချထားပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မိဘမဲ့ဂေဟာများအား လှူဒါန်းဖို့ စိတ်အားထက်သန်စွာဖြင့် မြန်မာ့ရိုးရာ အစားအသောက်များ ရောင်းချခြင်းနှင့် ဖျော်ဖြေရေးများပါဝင်သော ရန်ပုံငွေ အလှူပွဲကို အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်တွင်၂၀၀၁ ခုနှစ်ကတည်းက စတင်၍ နှစ်စဉ် ကျင်းပခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းမှ ရရှိသော မိသားစုအဖွဲ့ဝင်များ၏ အနှိုင်းမဲ့ ပျော်ရွှင်မှုသည် မည်သည့်အရာနှင့်မှ အစားထိုးမရနိုင်ပါ။
ဆန်ဖရန်စစ္စကိုမှ အလှူရှင်များသည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် နှစ်စဉ် ရန်ပုံငွေအလှူပွဲတော်မှ ရရှိသော လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၈,၀၀၀ အား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ Sacred Heart Church သို့ လှူဒါန်းခဲ့သည်။ ဘုရားကျောင်း အုပ်ချုပ်သူ ဘုန်းတော်ကြီး၏ အထူး ကျေးဇူးတင်လွှာတွင် အဆိုပါ လှူဒါန်းငွေကို မိဘမဲ့ကလေးငယ် ၁၇၅ ယောက်အား ပြုစုစောင့်ရှောက်ထားသော Leiktho Parish Centre မှ ကျောင်းအိပ်ကျောင်းစားနေ ယောက်ျားလေးများအတွက် သန့်စင်သော သောက်သုံးရေ စီမံချက်ကို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးမှ မိဘမဲ့ကလေးများအတွက် လှူဒါန်းရန် စိတ်အားထက်သန်နေသော အဖွဲ့ဝင်များ၏ ရည်မှန်းချက်ကြောင့် ရတနာမဉ္စရီ သီလရှင်ကျောင်းတိုက်အတွက် လှူဒါန်းရန် ၁၅ ကြိမ်မြောက် ရန်ပုံငွေ အလှူပွဲတော်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုနှင့် တက်ညီလက်ညီပါဝင်မှုကြောင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၇,၂၀၀ အား သီလရှင်ကျောင်းထံ အောင်မြင်စွာ လှူဒါန်းခဲ့ပြီး ဆရာလေး ခေါ် ဒေါ်ဝဏ္ဏသိရီ မှ လက်ခံရယူခဲ့သည်။ ထိုကျောင်းတွင် မိဘမဲ့ကလေးငယ် ၁၀၀ ကျော်ရှိပြီး ဆင်းရဲချို့တဲ့ကလေးငယ် အယောက် ၂၀၀ ကျော် မှီခိုနေကြောင်း သိရှိရသည်။ သို့ဖြစ်၍ သီလရှင်ကျောင်းတွင် ကလေးငယ်များ စာလေ့လာရန်အတွက် စာသင်ဆောင် လိုအပ်နေပါသည်။ အဆိုပါ ကလေးငယ် ၃၈၀ အတွက် လစဉ် ဆန်အိတ် ၈၀ ဝယ်ယူရပါသည်။ ၂၀၁၆ ခုနှစ်အတွင်း ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို ခံစားရစဉ်က ကျောင်းမှ ကလေးငယ် ၁၀ ယောက်သည် မသန့်ရှင်းသည့် ရေ သောက်သုံးမှုကြောင့် ဆေးရုံတက်ခဲ့ရသည်။ အဖွဲ့ဝင်များ၏ သဒ္ဓါတရားကြီးမားသော လှူဒါန်းငွေသည် တစ်နှစ်ပြီးတစ်နှစ် အရွယ်ရောက်လာမည့် ကလေးငယ်များနှင့် ၎င်းတို့၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေမည် ဟု ကျွနုပ်တို့ Foundation မှ ယုံကြည်ပါသည်။
See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Copyright © 2014 - 2024 Mary K. Yap Foundation Inc. All rights reserved.
Designed by WTCMM