Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

In western Myanmar The capital is Hakha

Chin State
Click

Mary. K. Yap Foundation ကြီးသည်မိဘမဲ့ကလေးငယ်များ၏ဘဝရှင်သန်နေထိုင်မှုပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက်တစိုက်မတ်မတ်လုပ်ဆောင်နေသောnon-profit အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Mary K. yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သောဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသားစေတနာရှင်များသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ် အလှူပွဲတော်များကျင်းပ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိမိဘမဲ့ကလေးငယ်များကိုကူညီရန်အတွက် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ ကျင်းပသောအဆိုပါ အလှူငွေပွဲတော်တွင် မြန်မာအစားအစာများရောင်းချခြင်းနှင့် တေးဂီတ၊ ဖျော်ဖြေပွဲအစီအစဉ် ဟူ၍ အစီအစဉ်နှစ်မျိုးပါဝင်သည်။ မည်သူမဆိုအမေရိကန် ဒေါ်လာ ၅ ဒေါ်လာဖြင့် မြန်မာ့ရိုးရာအစားအစာများကို ဝယ်ယူစားသုံး၍ လှူဒါန်းနိုင်မည်ဖြစ်ပြီးတေးဂီတ နှစ်ခြိုက်သူတို့အနေနှင့်လည်း အနုပညာဝါသနာရှင်များ မှ ဖျော်ဖြေတင်ဆက်သောတေးဂီတကပွဲများကိုနားဆင်ကြည့်ရှုနိုင်မည် ဖြစ်သည်။
ဇန်နဝါရီ ၁၇၊ ၂၀၀၇ ခုနှစ်တွင် Mary K. yap Foundation ကြီးသည် ချင်းပြည်နယ် မင်းတပ်မြို့ရှိမိဘမဲ့ဂေဟာသို့ လှူဒါန်းငွေ စုစုပေါင်းအမေရိကန် ဒေါ်လာ ၆,၀၃၀ တိတိကိုပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းငွေမှာ Mary K. Yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သောဆန်ဖရန်စ္စကိုနှင့် Bay Area ရှိ မြန်မာတိုင်းရင်းသားစေတနာရှင် များမှ၂၀၀၆ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ်မြောက် အလှူပွဲတော်မှ ရရှိသည့် အလှူငွေ ဖြစ်သည်။ မိဘမဲ့ ဂေဟာအား အုပ်ချုပ်သည့် ဘုန်းတော်ကြီး Fr. Palinus Mang Ha Gei မှ နှစ်နှစ်ကာကာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ထိုလှူဒါန်းငွေသည် ဂေဟာမှ မိဘမဲ့ကလေးငယ်များအတွက် ကျွေးမွေးရန် ကုန်ကျစရိတ်ကြွေးကျန်များကိုပြန်လည် ပေးဆပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆွေးမြေ့နေသောမီးဖိုချောင်ကို ပြန်လည်ပြုပြင်နိုင်မည်ဖြစ်ပြီး ကလေးငယ်များအား အာဟာရပြည့်ဝသည့် စားသောက်ဖွယ်ရာများ ကျွေးမွေးရန်အတွက်ပါ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။ ထိုကဲ့သို့ အသုံးဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် Foundation နှင့် စေတနာရှင်များ၏ နှစ်စဉ် လှူဒါန်းငွေများသည် အမှန်တကယ်လိုအပ်သောနေရာများသို့တိကျမှန်ကန်စွာရောက်ရှိနေကြောင်းသိရှိနိုင်ပါသည်။ ကျွနုပ်တို့ ဖောင်ဒေးရှင်းကြီးမှ တစ်နှစ်လျှင် မိဘမဲ့ဂေဟာ တစ်လုံးနှုန်း တစ်စိုက်မတ်မတ် လှူဒါန်းထောက်ပံ့မည် ဖြစ်သည်။ ထို့ပြင် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံတွင်း နေထိုင်သော မိဘမဲ့ကလေးငယ်များ၏ ဘဝကို ကျန်းမာစွာ ကြီးပြင်း၍ အောင်မြင်သော လူငယ်များ ဖြစ်ပေါ်လာစေရန် ထောက်ပံ့သွားပါမည်။

of Orphans supported

of Orphan Organization

1

amount contributed

6030USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar