See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Mr. Peter K. Yap အား ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် Sales၊ Business Development နှင့် Marketing စသည့် နယ်ပယ်များတွင် တစ်ဦးတည်းသာမက အများနှင့် သက်ဆိုင်သည့် စီမံအုပ်ချုပ်မှု ကဏ္ဍများတွင်ပါ၂၃ နှစ်ကျော် ကြာအောင် လုပ်ဆောင်ခဲ့သည်။ မြောက်အမေရိက၊ အာဖရိက နှင့် အာရှတိုက်တို့တွင် နေထိုင်အလုပ်လုပ်ခဲ့ပြီး စိန်ခေါ်မှုပြင်းထန်သည့် ပတ်ဝန်းကျင်တွင် ခေါင်းဆောင်နိုင်သည့် နာမည်ကောင်း ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ၎င်းသည် နိုင်ငံ နှင့် ဒေသတွင်း ခန့်အပ်ခံရသည့် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်များတွင် အလုပ်အမှုဆောင်ရာထူးဖြင့် မရေမတွက်နိုင်အောင် တာဝန်ထမ်းဆောင်ခဲ့သည်။
ကွာတားနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေးကုမ္ပဏီတွင် Chief Business Officer အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်းတွင် တစ်နိုင်ငံလုံး အနှံ့ လုပ်ငန်းလည်ပတ်မှု မြန်ဆန်တိုးတက်လာစေရန်အတွက် တာဝန်ယူလုပ်ဆောင်ခဲ့သည်။ ၎င်းရာထူးတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုအထိ နှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည်။ Mr. Peter Yap သည် Ceargon Network (CRNT) တွင်လည်း အရောင်းမြှင့်တင်မှုဆိုင်ရာ ဒုဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း Ceragon Network သည် NASDAQ ၏ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တိုးတက်မှုအမြင့်ဆုံး နည်းပညာကုမ္ပဏီစာရင်းတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ထို့ပြင် ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နိုင်ဂျီးရီးယားရှိ Harris Corporation Microwave Division (NYSE-HRS) တွင် စီမံညွှန်ကြားရေးမှုးနှင့် ကိုယ်စားလှယ် ရာထူး၌ တာဝန်ထမ်းဆောင်ခဲ့သည်။ Mr. Peter သည် နိုင်ငံ၏ ဆက်သွယ်ရေး တည်ဆောက်မှု စတင်ချိန်တွင်လည်း ခေါင်းဆောင်ပိုင်းနေရာမှ ပါဝင်လှုပ်ရှားခဲ့သည်။ Mr. Peter Yap သည် ၎င်း၏ ပရော်ဖက်ရှင်နယ် ဖြတ်သန်းမှု အစောပိုင်းကာလများကတည်းက Non-profit အဖွဲ့အစည်းတစ်ခုဖြစ်သည့် San Francisco ၊ World Trade Centre တွင် ပို့ကုန်အကြံပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာရေး အကြံပေးခြင်းနှင့်၊ အခမ်းအနားကျင်းပရန်လုပ်ဆောင်မှုများအတွက် တာဝန်များခွဲဝေပေးခြင်းတို့ကို ၈ နှစ်ကြာ တာဝန်ယူ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း တာဝန်ယူလုပ်ဆောင်နေဆဲ ဖြစ်သည်။
Mr. Peter Yap သည် San Francisco ပြည်နယ် တက္ကသိုလ် မှ နိုင်ငံတကာစီးပွားရေးဆိုင်ရာ စီးပွားသိပ္ပံဘွဲ့ ရရှိခဲ့ပြီး California နိုင်ငံ၊ Palo Alto ရှိ Standford တက္ကသိုလ်မှ SEP Stanford Executive Program ကို တက်ရောက်အောင်မြင်ခဲ့သည့်အပြင် Monterey နိုင်ငံတကာ ပညာရေး တက္ကသိုလ်မှ MBA ဘွဲ့ကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ချမ်းမြေ့ပျော်ရွှင်သည့် အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး သားသမီးရတနာ လေးယောက် ဖြင့် နေထိုင်လျက်ရှိသည်။
Outpatient Pharmacy Operation Manager, VA Central California Health Care System; Director of the Mary K. Yap Foundation since 2014
Patron, Burmese American Catholic Fellowship (B.A.C.F), San Francisco, California, Founder of Mary K Yap Foundation since 2014.
Chief Executive Officer, Sigma Consulting Group LLC, a specialized boutique consulting company, San Diego; Director of the Mary K. Yap Foundation since 2015
President, Hua Zhong Alumni Associations; Director, Burmese American Buddhist Association (BABA); and Director of the Mary K. Yap Foundation since 2016.
Chief Legal Advisor to Petronas Myanmar (Hong Kong) Ltd., Yangon; Director of the Mary K. Yap Foundation since 2015
Writer, Author, Entrepreneur, Founder of Tri-Win Corporation; Director of the Mary K. Yap Foundation since 2016
Senior Managing Director of Step Up Silicon Valley, California; Founder of African Diaspora Network (ADN); Director of the Mary K. Yap Foundation since 2017
See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.
Designed by WTCMM