Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

In the south of the division lies Naypyidaw

Mandalay Division
Click

Mary K. Yap Foundation ကြီးသည် မိဘမဲ့ကလေးငယ်များ၏ ဘဝရှင်သန်နေထိုင်မှုပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသော non-profit အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Mary K. Yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သော ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသားစေတနာရှင်များသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ် အလှူပွဲတော်များကျင်းပ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မိဘမဲ့ကလေးငယ်များကို ကူညီရန်အတွက် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ ကျင်းပသောအဆိုပါ အလှူငွေပွဲတော်တွင် မြန်မာအစားအစာများရောင်းချခြင်းနှင့် တေးဂီတ၊ ဖျော်ဖြေပွဲအစီအစဉ် ဟူ၍ အစီအစဉ်နှစ်မျိုးပါဝင်ပါသည်။ ဤကဲ့သို့ လှူဒါန်းခြင်းမှ ရရှိလာသောပီတိပျော်ရွှင်မှုကို Mary K. Yap Foundation နှင့် ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသရှိစေတနာရှင်များအနေနှင့် မည်သည့်အရာနှင့်မျှ မလဲနိုင်အောင် တန်ဖိုးထားမြတ်နိုးပါသည်။

Mary K. Yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သည့် ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသားစေတနာရှင်များသည် USA နိုင်ငံတွင် ကျင်းပသောအလှူပွဲတော်များမှ ရရှိသည့် အလှူငွေများ ကိုမန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတူညီသည့် မိဘမဲ့ဂေဟာများသို့ သုံးကြိမ်တိုင်တိုင် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ပထမဦးဆုံးအကြိမ် လှူဒါန်းမှုမှာ မန္တလေးတိုင်း၊ Saint’s Joseph မိဘမဲ့ဂေဟာရှိမိဘမဲ့ကလေးငယ်များ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖေဖော်ဝါရီလ ၂၀၀၆ ခုနှစ်က ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။ Mary K. Yap Foundation ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူဒေါ် Mary. K. Yap မှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်သည့် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀ ကို မိဘမဲ့ဂေဟာ အုပ်ချုပ်သူ ဘုန်းတော်ကြီးမှ ကြည်နူးဝမ်းသာစွာဖြင့် လက်ခံ ရယူခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေကိုကျောင်းသူကျောင်းသားများ ၏ ပညာရေးအဆင့်အတန်း ပိုမိုမြင့်မား လာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးပြုမည်ဖြစ်သည့်အပြင် ကလေးငယ်များ၏ နေရာထိုင်ခင်းနှင့် သွားလာမှု ပိုမို လွယ်ကူချောမွေ့စေရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်းသိရှိရသည်။၂၀၁၁ ခုနှစ် ဇွန်လတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ဒုတိယအကြိမ် လှူဒါန်းမှုအဖြစ် ပြင်ဦးလွင်မြို့၊ ဆင်ရွာကြီးရှိ ဒိုးပင်ဘုန်းတော်ကြီးပညာသင်ကျောင်းသို့ အမေရိကန်ဒေါ်လာ ၅,၀၀၀ ကို ထပ်မံ လှူဒါန်းခဲ့သည်။ ဒိုးပင်ဘုန်းတော်ကြီး ကျောင်းတွင် ၂၀၀၈ ခုနှစ် မေလ က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် မိဘဆွေမျိုးများ၊ အိုးအိမ်များဆုံးရှုံးခဲရသည့် မိဘမဲ့ ကလေးငယ်များစွာကို စောင့်ရှောက်ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ အဆိုပါလှူဒါန်းမှုသည် လူမျိုးဘာသာခွဲခြားခြင်းမပြုဘဲ မိဘမဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်ထားသည့် ဒိုးပင်ဘုန်းကြီးကျောင်းအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်မည်ဟု Foundation ကြီးနှင့် စေတနာရှင်များမှ မျှော်လင့်ယုံကြည်ပါသည်။ လှူဒါန်းမှု ပြုပြီးလအနည်းငယ်အကြာ အဆိုပါဘုန်းတော်ကြီးပညာသင်ကျောင်းကိုပင် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃,၆၀၀ ကို ထပ်မံလှူဒါန်းခဲ့သည်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သည့် မိဘမဲ့ကလေးငယ်များနှင့် ပညာရေးအတွက် ထောက်ပံ့ငွေလိုအပ်နေသည့် မိဘမဲ့ကလေးငယ်တို့အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာသာမိမှ မိဘမဲ့ကလေးငယ်များအတွက် ဤကဲ့သို့ လူသားချင်းစာနာမှုဖြင့် စိတ်အားထက်သန်စွာလုပ်ဆောင်နေခြင်းကို ကြည်နူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် Mary K. Yap Foundation မှ လှူဒါန်းငွေသည် ကျောင်းရှိမိဘမဲ့ကလေးငယ်များအတွက် သိသိသာသာအထောက်အပံ့ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

of Orphans supported

of Orphan Organization

2

amount contributed

14,500USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar