See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Mary K. Yap Foundation ၏ မိသားစုအဖွဲ့ဝင်များ ဖြစ်သည့် ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ စေတနာရှင်များသည် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မိဘမဲ့ဂေဟာများသို့ကူညီရန် စိတ်အားထက်သန်စွာဖြင့် အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ ၂၀၀၁ ခုနှစ်ကတည်းက စတင်၍ နှစ်စဉ် ရန်ပုံငွေမြှင့်တင်ရေးပွဲများ ကျင်းပခဲ့သည်။
Mary K. Yap Foundation ၏ မိသားစုအဖွဲ့ဝင်များ ဖြစ်သည့် ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ စေတနာရှင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Diocese Church ဘုရားကျောင်းရှိ မိဘမဲ့ကလေးငယ်များအတွက် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ၈ ကြိမ်မြောက် ရန်ပုံငွေအလှူပွဲတော်ကို ကျင်းပခဲ့ပါသည်။ မိဘမဲ့ကလေး ၂၅၀၀ ကို ပြုစုစောင့်ရှောက်ထားသည့် Diocese Church ဘုရားကျောင်းသို့ ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ အထူးသဖြင့် ဆန်အိတ် ၄၀၀၀ ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၉,၀၀၀ တိတိကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် Foundation ကြီးမှ လှူဒါန်းခဲ့သည်။ Foundation ကြီး၏ ဒုဥက္ကဌတစ်ဦးဖြစ်သူ Mr. Peter K. Yap မှလည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သဒ္ဓါတရားထက်သန်စွာဖြင့် လွိုင်ကော်မြို့နယ်ရှိ St. Gerosa သီလရှင်ကျောင်းမှ မိဘမဲ့ကလေးငယ် ၁၈၈ ယောက်အတွက် ထောက်ပံ့ပေးရန် မြန်မာငွေကျပ် သုံးသိန်းတိတိအား ထပ်မံလှူဒါန်းခဲ့သည်။
See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >
Copyright © 2014 - 2024 Mary K. Yap Foundation Inc. All rights reserved.
Designed by WTCMM