Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

The state gets its name from the Shan people

Shan State
Click

Mary K. Yap Foundation ကြီးသည်မိဘမဲ့ကလေးငယ်များ၏ ဘဝရှင်သန်နေထိုင်မှုပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသော non-profit အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။Mary K. yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သောဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသား စေတနာရှင်များသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ် အလှူပွဲတော်များကျင်းပ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မိဘမဲ့ကလေးငယ်များကို ကူညီရန်အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ ကျင်းပသော အဆိုပါ အလှူငွေပွဲတော်တွင် မြန်မာအစားအစာများရောင်းချခြင်းနှင့် တေးဂီတ၊ ဖျော်ဖြေပွဲအစီအစဉ် ဟူ၍ အစီအစဉ်နှစ်မျိုး ပါဝင်သည်။ မည်သူမဆိုအမေရိကန် ဒေါ်လာ ၅ ဒေါ်လာဖြင့် မြန်မာ့ရိုးရာအစားအစာများကို ဝယ်ယူစားသုံး၍ လှူဒါန်းနိုင်မည်ဖြစ်ပြီးတေးဂီတ နှစ်ခြိုက်သူတို့အနေနှင့်လည်းအနုပညာဝါသနာရှင်များ မှ ဖျော်ဖြေ တင်ဆက်သော တေးဂီတကပွဲများကို နားဆင်ကြည့်ရှုနိုင်မည် ဖြစ်သည်။
ဇူလိုင် ၂၇၊ ၂၀၀၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ကက်သလိခ်ဆရာတော် ကျောင်းတိုက်သို့ လှူဒါန်းငွေ ပေးအပ်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူပွဲတော်ကို ကျင်းပခဲ့သည်။ ကျောင်းတိုက်၏ အုပ်ချုပ်သူ ဘုန်းတော်ကြီး Matthias U Shwe သည် အဆိုပါ အလှူပွဲမှရရှိငွေ အမေရိကန်ဒေါ်လာ ၅,၅၀၀ ကို Mary K. Yap Foundation ကြီး၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မေရီထံမှ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၂၇ ရက်နေ့တွင် လက်ခံရရှိခဲ့သည်။ ဘုန်းတော်ကြီးမှ ၎င်း၏ကျေးဇူးတင်လွှာတွင် အဆိုပါလှူဒါန်းငွေများအား မိဘမဲ့ကလေးငယ်များအတွက် အဝတ်အထည်များ၊အစားအစာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး ဝက်ရူးပြန်ဝေဒနာရှင် ကလေးငယ်များအတွက်လည်း သုံးစွဲသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် လူသားချင်း စာနာထောက်ထားမှုနှင့် ရက်ရောသော လှူဒါန်းငွေအတွက် လွန်စွာကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ Foundation ကြီး၏ အနှိုင်းမဲ့ ရည်မှန်းချက်မှာ မိဘမဲ့ကလေးငယ်များ အားလုံးအတွက် နေစရာများ၊ အစားအစာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာသင်ကြားရေးအတွက် အခြေခံလိုအပ်ချက်များကို ထောက်ပံ့ပေးရန်ဖြစ်သည်။ ထို့ပြင် Foundation ကြီးသည် မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြားရှိ မိဘမဲ့ကလေးငယ်များ၏ ဘဝရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် လူ့အဖွဲ့အစည်းတွင် ကောင်းမွန်စွာနေထိုင်၍ အောင်မြင်တိုးတက်သော လူငယ်များဖြစ်စေရန်အတွက် အစဉ်အားစိုက်ထုတ်သွားမည် ဖြစ်ပါသည်။

of Orphans supported

more than100

of Orphan Organization

1

amount contributed

5500USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar