Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

The former national capital and the largest city

Yangon Division
Click

Mary K. Yap Foundation ကြီးသည် မိဘမဲ့ကလေးငယ်များ၏ဘဝရှင်သန်နေထိုင်မှုပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသော non-profit အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Mary K. yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သော ဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသားစေတနာရှင်များသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီးနှစ်စဉ် အလှူပွဲတော်များကျင်းပ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မိဘမဲ့ကလေးငယ်များကိုကူညီရန်အတွက် စိတ်အားထက်သန်စွာကြိုးစားခဲ့သည်။

Mary K. yap Foundation ကြီးနှင့် စေတနာရှင်များသည် ရန်ကုန်မြို့ရှိ St. Francis of Assisi မိဘမဲ့ဂေဟာမှ မိဘမဲ့ကလေးငယ်များအတွက် လှူဒါန်းငွေအမေရိကန်ဒေါ်လာ ၂,၀၀၀ တိတိကို ဇန်နဝါရီ ၂၈၊ ၂၀၀၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။ မိဘမဲ့ဂေဟာ၏ အုပ်ချုပ်သူဘုန်းတော်ကြီး Fr. Peter က အဆိုပါလှူဒါန်းငွေကို ကလေးငယ်များ ပညာသင်ကြားရာတွင် လိုအပ်သည့် စာသင်ဆောင်ကိုဆောက်လုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ Mary K. Yap Foundation ၏ လှူဒါန်းငွေနှင့်အတူ အဆိုပါမိဘမဲ့ဂေဟာရှိကလေးငယ်များသည် လုံခြုံနွေးထွေးသော စာသင်ဆောင်တွင် ပညာသင်ကြားရတော့မည် ဖြစ်သည်။ Mary K. Yap Foundation ကြီးနှင့် စေတနာရှင်များသည် ဒုတိယအကြိမ်လှူဒါန်းမှုအဖြစ် ၎င်းမိဘမဲ့ကျောင်းကိုထိုတစ်လတည်းမှာပင် အမေရိကန်ဒေါ်လာ ၂,၀၀၀ အား ထပ်မံလှူဒါန်းခဲ့သည်။ သို့သော် မျှော်လင့်မထားသည့်အခြေအနေအရ အဆိုပါကျောင်းမှ ကလေးငယ်များသည် တကွဲတပြားစီ ဖြစ်နေကြရသည်။ သို့ဖြစ်၍ မိဘမဲ့ဂေဟာအတွက် ရေရှည်အကျိုးရှိစေရန် ရည်ရွယ်ပြီး Mary K. Yap Foundation ကြီး၏ စေတနာရှင်များ ဆန္ဒအရလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂,၀၀၀ကို ဘဏ်ထဲတွင် တစ်စုတဝေးတည်း အပ်နှံလှူဒါန်းခဲ့သည်။

ဖေဖေါ်ဝါရီ ၈၊ ၂၀၁၃ ခုနှစ်တွင်မူ Mary K. Yap Foundation ကြီး၏ စေတနာရှင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ရှိ Mary Chapman မသန်စွမ်းမိဘမဲ့ဂေဟာသို့ အမေရိကန်ဒေါ်လာ ၈,၁၀၀ တိတိကိုထပ်မံလှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုသည် ၎င်းဂေဟာရှိကလေးငယ်များ၏ ပညာသင်ကြားရေးအတွက် ကျောင်းလွယ်အိတ်များ၊ သင်ထောက်ကူ ပစ္စည်းများ စသည်တို့အတွက် ဖြည့်ဆည်းပေးနိုင်မည့်အပြင် အခြားသော လိုအပ်ချက်များအတွက်လည်း အထောက်အကူဖြစ်နိုင်မည်ဟု Mary K. Yap Foundation မှ မျှော်လင့်ယုံကြည်ပါသည်။ ထို့အပြင် သြဂုတ် ၃၀၊ ၂၀၁၅ ခုနှစ်တွင် Mary K. Yap Foundation ၏ တတ်ကြွသောမိသားစုအဖွဲ့ဝင်တစ်ဦးဖြစ်သူ Mr. Peter K. Yap နှင့် ဇနီးဖြစ်သူ Elizabeth တို့မှ Foundation ကိုယ်စားအဝတ်အထည်များစားစရာများ၊ ရှူးဖိနပ်များနှင့် အမေရိကန် ဒေါ်လာ ၁၀၀ ကို Mary Chapman ဂေဟာသို့ လှူဒါန်းခဲ့သေးသည်။ ထိုကဲ့သို့လူသားချင်းစာနာထောက်ထားမှုနှင့် ပေးလှူခဲ့သောဤအကူအညီသည် ဂေဟာတွက် သိသာစွာအထောက်အကူဖြစ်ပါသည်ဟု Mary Chapman မသန်စွမ်းမိဘမဲ့ဂေဟာမှ Foundation အားကျေးဇူးတင်စကားပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်မူ Mary K. Yap Foundation ကြီး၏ ဒုဥက္ကဌဖြစ်သူ ဦး ပီတာသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မေတ္တာမွန် ပရဟိတဂေဟာမှ မိဘမဲ့ကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးလှူဒါန်း၍ ထီးများ၊ ကျောင်းသုံးစာအုပ်များ၊ သုတရသစာအုပ်များနှင့် နည်းပညာစာအုပ်များ ကိုပါ ပေးအပ်ခဲ့သည်။ ထို့ပြင် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် မြန်မာငွေကျပ် ငါးသိန်းတိတိအား ထပ်မံလှူဒါန်းခဲ့ပြီး ခရစ်စမတ် လက်ဆောင်ပေးအပ်သည့်အနေဖြင့် ကလေးငယ်များ ပျော်ရွှင်စေရန်အတွက် မျက်လှည့်ပညာရှင် မင်းလက်ရာ အား စေတနာ့ဝန်ထမ်းအဖြစ် ဖိတ်ခေါ်၍ မျက်လှည့်ပြစေခဲ့သည်။

of Orphans supported

of Orphan Organization

4

amount contributed

12200USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar