Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

The capital city is Hpa-an also called Pa-An

Kayin State
Click

Mary K. Yap Foundation ကြီးသည် မိဘမဲ့ကလေးငယ်များ၏ဘဝရှင်သန်နေထိုင်မှု ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသော non-profit အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Mary K. yap Foundation ကြီး၏ မိသားစုအဖွဲ့ဝင်များဖြစ်သောဆန်ဖရန်စစ္စကိုနှင့် Bay Area ဒေသနေ မြန်မာတိုင်းရင်းသားစေတနာရှင်များသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး နှစ်စဉ် အလှူပွဲတော်များကျင်းပ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိမိဘမဲ့ကလေးငယ်များကိုကူညီရန်အတွက် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဒေလီမြို့တော်၌ ကျင်းပသောအဆိုပါ အလှူငွေပွဲတော်တွင် မြန်မာအစားအစာများရောင်းချခြင်းနှင့် တေးဂီတ၊ ဖျော်ဖြေပွဲအစီအစဉ် ဟူ၍ အစီအစဉ်နှစ်မျိုးပါဝင်သည်။ မည်သူမဆိုအမေရိကန် ဒေါ်လာ ၅ ဒေါ်လာဖြင့် မြန်မာ့ရိုးရာအစားအစာများကိုဝယ်ယူစားသုံး၍ လှူဒါန်းနိုင်မည်ဖြစ်ပြီးတေးဂီတ နှစ်ခြိုက်သူတို့အနေနှင့်လည်း အနုပညာဝါသနာရှင်များ မှ ဖျော်ဖြေတင်ဆက်သောတေးဂီတကပွဲများကိုနားဆင်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Mary K. Yap Foundatio ကြီး၏ စေတနာရှင်များသည် တတိယအကြိမ်မြောက် အလှူပွဲတော်ကို သြဂုတ် ၉၊ ၂၀၀၃ ခုနှစ် တွင် ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၆,၁၀၀ တိတိကောက်ခံရရှိခဲ့ပါသည်။ ဇန်နဝါရီ ၁၄၊ ၂၀၀၄ ခုနှစ်တွင်မူ အဆိုပါအလှူငွေအား ကရင်ပြည်နယ်ရှိ St. Francis Xavier ဘုရားကျောင်းသို့Mary K. Yap Foundation နှင့် စေတနာရှင်များကိုယ်စား ဒေါ်မေရီမှ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းငွေသည် မိဘမဲ့ကလေးငယ် ၆၁ ယောက် (ကျား-၂၁၊ မ-၄၀) ကိုထိန်းသိန်းစောင့်ရှောက်နေသည့် St. Francis Xavier ကျောင်းအတွက် အစားအသောက်၊ အဝတ်အစား၊ ကျောင်းစရိတ်အပြင် ကျန်းမာရေးစောင့်ရှောက်မှုကိုပါ အထောက်အကူဖြစ်သဖြင့် များစွာကျေးဇူးတင်ပါသည်ဟု ဘုရားကျောင်း၏ အုပ်ချုပ်ရေးမှုးဖြစ်သူ ဘုန်းတော်ကြီး Rev. Fr. Stanisslaus မှ ကျေးဇူးတင်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Foundation ကြီး၏ အဆုံးမဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်းရှိ မိဘမဲ့ကလေးငယ်များ အားလုံးအား နေရာထိုင်ခင်း၊ အစားအသောက်၊ ကျန်းမာရေးနှင့် အခြေခံပညာရေး ထောက်ပံ့မှုများ ပေးအပ်သွားရန် ဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် လူမှုအဖွဲ့အစည်းအတွင်း အမှီအခိုကင်းပြီး စွမ်းအားမြင့်မားသော နိုင်ငံသား ဖြစ်လာစေရန်အတွက် ကျွနုပ်တို့ ဖောင်ဒေးရှင်းကြီးမှ မိဘမဲ့ကလေးငယ်များ၏ ဘဝရှင်သန်နေထိုင်မှုကို ပြောင်းလဲပေးရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်သွားမည် ဖြစ်သည်။

of Orphans supported

61

of Orphan Organization

1

amount contributed

6100USD

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar