Navigation
  • Home
  • Who we are
    • Letter From Chair
      • Letter 2016
      • Letter 2015
    • Board Of Directors
    • Leadership Team
    • News Update
    • Governance
      • Conflict of Interest
      • Donation Guidelines
  • About
    • Our Mission
    • Our Success
    • Our Story
    • Our Projects
    • Our Partners
  • Gallery
    • 2017
    • 2016
    • 2015
    • 2014
  • Contact

myanmarorphans.org
Welcome To Myanmar Orphans

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

The capital is Sittwe

Rakhine State
Click

Mary K. Yap Foundation ကြီးသည် မြန်မာ့ရိုးရာ အစားအသောက်အမျိုးမျိုး ရောင်းချခြင်းနှင့် အခမဲ့ ဖျော်ဖြေရေးပွဲများ ပါသော နှစ်စဉ် ရန်ပုံငွေမြှင့်တင်ရေး ပွဲများ ကျင်းပ၍ မိဘမဲ့ကလေးငယ်များ၏ ဘဝ ပိုမိုကောင်းမွန်လာစေရန်အတွက် တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပါသည်။ Mary K. Yap Foundation ကြီးသည် ၂၀၁၇ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ Sacred Heart Church ဘုရားကျောင်းမှ မိဘမဲ့ကလေးငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အမေရိကန်ဒေါ်လာ ၇,၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။ ဤကဲ့သို့ ရက်ရောစွာ လှူဒါန်းထောက်ပံ့နိုင်ခြင်းမှာ မိဘမဲ့ကလေးများအား ကြင်နာသနားစွာဖြင့် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပေးသောအဖွဲ့ဝင်များအပြင် Foundation ကြီး၏ စီမံအုပ်ချုပ်သည့်အဖွဲ့မှ မိဘမဲ့ ကလေးငယ်များအတွက် ကြိုးစားဖော်ဆောင်ထားသည့် စွမ်းရည်ပြည့်အစီအစဉ် ကြောင့် ဖြစ်ပါသည်။

ဘုရားကျောင်း အုပ်ချုပ်သူ Fr. Thomas Tun Myint ၏ ကျေးဇူးတင်လွှာအရ အဆိုပါ လှူဒါန်းငွေအား မိဘမဲ့ဂေဟာ၏ ခြံစည်းရိုးများ ပြန်လည်ပြုပြင်မည့်အပြင် မိဘမဲ့ကလေးငယ်များ၏ ပညာရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိရသဖြင့် လွန်စွာ ကျေနပ်ပီတိ ဖြစ်မိပါသည်။ Sacred Heart Church ဘုရားကျောင်းတွင် ပြုစုစောင့်ရှောက်ထားသော (အသက် ၁၁ နှစ်မှ ၁၇ နှစ်ကြား) မိဘမဲ့ကလေးငယ် ၂၅ ယောက် ရှိပြီး အဆိုပါကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးရန်နှင့် ပညာရေးအတွက် အနီးကပ် ဂရုစိုက်ရန် ဝန်ထမ်းနှစ်ယောက် ရှိကြောင်း သိရှိရပါသည်။ ၎င်း Sacred Heart Church ဘုရားကျောင်းသည် ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် တည်ရှိပါသည်။ ဤလှူဒါန်းမှုအတွက် Foundation ကြီးမှ လွန်စွာ ပျော်ရွှင်ဝမ်းမြောက်ပြီး မြန်မာနိုင်ငံမှ မိဘမဲ့ကလေးငယ်များအတွက် ပိုမိုကောင်းမွန်တိုးတက်လာစေရန် ပြောင်းလဲဖို့အတွက် အစဉ်ကြိုးစားသွားပါမည်။ Mary K. Yap Foundation ကြီးသည် ကမကထပြု လှူဒါန်းသည့် အဖွဲ့အစည်းများနှင့်အတူ ဒေသတွင်း စေတနာရှင်များ၊ ပြည်တွင်းပြည်ပ NGO အဖွဲ့များနှင့် အတူပူးပေါင်း၍ ရရှိလာသော လှူဒါန်းငွေများကို မြန်မာမိဘမဲ့ ကလေးငယ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်အတွက် အရည်အသွေးမြင့် အစီအစဉ်ကို အသုံးပြု၍ လုပ်ဆောင်သွားမည် ဖြစ်သည်။ Foundation ကြီး ၏ အနှိုင်းမဲ့ ရည်မှန်းချက်မှာ အသက်အရွယ် ကြီးငယ်မရွေးဘဲ မြန်မာမိဘမဲ့ကလေးငယ်များအား နေစရာအဆောက်အဦများ၊ အစားအစာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးရန် ဖြစ်ပါသည်။

of Orphans supported

25

of Orphan Organization

1

amount contributed

7,000

See how the Mary K. Yap Foundation is supporting programs like the "Myanmar Orphans" Project ....Learn more >

Copyright © 2014 - 2025 Mary K. Yap Foundation Inc. All rights reserved.

Designed by WTCMM

www.myanmarorphans.org is a special project under the guidance of the Mary K. Yap Foundation, a non profit organization under the section 501 (c) (3) of the Internal Revenue Code, registered in State of Delaware, U.S.A with EIN (47-2687230). One of the ultimate aims of the foundation is to provide orphans of all ages in Myanmar with shelter, food, healthcare and basic education. The generous contributions and donations extended by friends and family members of the Mary K. Yap Foundation are made available to better the lives of children.

Languages

  • English English
  • myanmar myanmar